အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၁၂၃ မိုင်ကျော်ကွာဝေးသော မိုးဗြဲမြို့ကို စက်တင်ဘာလအတွင်းစစ်ကောင်စီတပ်က ကြီးမားစွာထိုးစစ်ဆင်နေသည်။
ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိလူဦးရေ နှစ်သောင်းခုနှစ်ထောင်ကျော်ရှိသောမိုးဗြဲ မြို့ သည် ရန်ကုန်မြို့၏ရပ်ကွက်ကြီးတစ်ခုစာအရွယ်သာအရွယ်သာရှိသော်လည်းစစ်ရေးအရအရေးပါသောဒေသတစ်ခုဖြစ်နေသည်။ အာဏာသိမ်းစစ်အုပ်စု၏ အချုပ်အခြာနေပြည်တော်သို့ ကားဖြင့်သွားလျှင် ၄၊ ၅ နာရီ ဖြင့်အရာက်သွားနိုင်သည်။

မိုးဗြဲမြို့၏ အရှေ့တောင်ဘက်ရှိ လွိုင်ကော် မြို့ သို့ ကားဖြင့် နာရီဝက်အတွင်း ရောက်ရှိနိုင်ပြီး တောင်ဘက်တွင်ရှိသော ဒီးမော့ဆိုမြို့ ၊ အနောက်မြောက်ဘက်ရှိ ဖယ်ခုံမြို့တို့နှင့်လည်းနာရီပိုင်းဖြင့်သွားလာနိုင်သည်။ထို့ကြောင့်ကရင်နီ(ကယား)ပြည်နယ်အတွက် အချက် အချာကျပြီး ကုန်စည်ပို့ဆောင်ရေး၊သွားလာရေးအတွက် အရေးပါသည့် ဒေသဖြစ်နေသည်။
ထို့ကြောင့်လည်း ခုခံတော်လှန်မှုအားကာင်းလှသည့်ကရင်နီ ဒေသကို အကြမ်းဖက်စစ်တပ်က ဖြတ်လေးဖြတ်စစ်ဆင်ရေးလုပ်နိုင်ရန် မိုးဗြဲ မြို့ကို ထိန်းချုပ်နိုင်ရေးကို ကြိုးပမ်းနေခြင်းဟု ကရင်နီစစ် ရေးသတင်းရင်းမြစ်များကသုံးသပ်ကြသည်။

“မိုးဗြဲ ကို စစ်ကောင်စီက ဘာလို့လိုချင်လဲဆိုတော့ အဲ့ဖက်လမ်း ထိန်းချုပ်နိုင်ရင် ရိက္ခာ ဖြတ်တောက်ရေးပိုင်းမှာ ကောင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး”ဟု ကရင်နီဒေသမှ စစ်ရေးသတင်းရင်းမြစ်တစ်ကပြောသည်။
စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို အလုံးစုံထိန်း ချုပ်ခွင့်ရရှိသွားပါက ဒေသတွင်း ကုန်စည်စီး ဆင်းမှုအပါအဝင် ကုန်စျေးနှုန်းအဆမတန် ကြီး မြင့်မှုများပေါ်ပေါက်လာနိုင်ကြောင်းလည်း မိုးဗြဲ မြို့ဒေသခံတစ်ဦးကလည်းပြောသည်။


“မြို့အနေအထားနဲ့ပြောရင် နီးစပ်ရာ ဆက်သွယ် ရမယ့် လမ်းကြောင်းတွေအရ အရှေ့ဖက်က လွိုင်ကော်နဲ့ တောင်းကြီးဘက်နီးလို့ ကုန်စည် စီး ဆင်မှုအပိုင်း အခက်အခဲသိပ်မရှိနိုင်ပေမယ့်မြို့အနောက်ဘက်ခြမ်းက အတော်ကို ဒုက္ခ ရောက်ဖို့ရှိတယ်”ဟု ၎င်းက သုံးသပ်သည်။
သို့သော်မိုးဗြဲ မြို့သည် အဆိပ်ပြင်းသည်။စစ်အုပ်စုအာဏာသိမ်းပြီး ဆန္ဒပြပြည်သူများကိုတရားလက်မဲ့အကြမ်းဖက်သတ်ဖြတ်လာသောအခါ လက်နက်ဆွဲကိုင်၍ ခုခံတော်လှန်သောဒေသများတွင် မိုးဗြဲမြို့လည်းပါဝင်သည်။ ၂၀၂၁ မေလ ၂၃ ရက်တွင်လက်လုပ်တူမီးအများစု ဖြင့် မိုးဗြဲရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကောင်စီတပ်ရဲနှင့် စစ်သား၂၀ ခန့်သေဆုံးကာလက်နက်ခဲယမ်းများစွာ သိမ်းဆည်းသွားသောမြို့မှာ အဆိုပါမြို့ငယ်လေးဖြစ်ပင်သည်။
စစ်ကောင်စီက ယခုနှစ်ဆန်း ပိုင်းကစ၍ မိုးဗြဲ မြို့ကို တပ်စွဲနိုင်ရန် အကြိမ် ကြိမ်ကြိုးပမ်းခဲ့သော်လည်း ကရင်နီတပ်ပေါင်းစုများကအကောင်းဆုံးခုခံတိုက်ထုတ်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်အတွက် ထိ့ချက်နာလှပြီး ကရင်နီတပ်ပေါင်းစုအတွက် ဗျူဟာမြောက်အောင်ပွဲမှာ လွန်ခဲ့သည့် နှစ်ပါတ်ကပင်ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၈ ရက်မှစတင်၍ ၁၁ ရက်အထိ့ လေးရက်ကြာစစ်ကောင်စီတပ်၏ ထိုးစစ်မှာ ကရင်နီတပ်ပေါင်းစု၏ ဗျူဟာမြောက်ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာပြီးဖရိုဖရဲဆုတ်ခွာသွားခဲ့ရသည်။
ထို့နောက်သုံးရက်အကြာမှာပင် စစ်ကောင်စီတပ်က တင့်ကာ၊သံချပ်ကာယာဥ် ၊အတွဲလိုက်ဒုံးများကိုပါအားဖြည့်၍ ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်လာသဖြင့် ယနေ့အထိ့တိုက်ပွဲများနေ့စဥ်ရက်ဆက်ပြင်ထန်စွာဖြစ်ပွားနေသည်။

▪︎စက်တင်ဘာဒုတိယပါတ်မှလေးရက်ကြာတိုက်ပွဲ
စက်တင်ဘာ ၈ ရက်က မိုးဗြဲ မြို့သို့ ဒီမော့ဆိုးမြိုနှင့် ဖယ်ခုံမြို့နယ် နယ်စပ် ဝါရီဆူမလှိုင်း မှ စစ်ကောင်စီတပ်များစစ်ကြောင်းထိုးလာရာကရင်နီတပ်ပေါင်းစုက ခုခံစစ်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပထမနေ့မှာပင် စစ်ကောင်စီဘက်က ၂၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့သည်။

ကရင်နီတပ်မတော် (KA) ၊KNDF -တပ်ရင်း (၃ ) ၊တပ်ရင်း ၁၁ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-မိုးဗြဲ) ၊ ဖယ်ခုံPDF ၊KRU၊ URFစသော ကရင်နီဒေသအခြေစိုက်တပ်များက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နောက်ရက်များတွင်လည်း စစ်ကောင်စီတပ် အထိ့နာပြီး လေကြောင်းပစ်ကူများပါတိုက်လေယာဥ်များဖြင့် ၁၅ ကြိမ်တိုင်လာရောက်ဗုံးကျဲ တိုက်ခိုက်သော်လည်းမြေပြင်တွင်စစ်သားများအထိနာမှုကိုမကာကွယ်နိုင်ခဲ့ပေ။


လေးရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ ထက်မနည်းသေဆုံးခဲ့သည်။ ကရင်နီပူးပေါင်းတပ်ဖက်မှ ရဲဘော်နှစ်ဦးမြင့်မြတ်စွာကျဆုံးခဲ့ရသည်။ ထိုအပြင်စစ်ကောင်စီတပ်ထံမှအတွင်း MA1 – ၃ လက်၊ MA2 – ၃ လက်၊ MA3 – ၆ လက်၊ စက်လက်- ၁ လက် ၊RPG ကျည်နှင့် လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။
စစ်ကောင်စီတပ်ကအထိနာသဖြင့်စက်တင်ဘာ ၁၂ ရက် တွင်မိုးဗြဲမြို့မှဆုတ်ခွာခဲ့သည်။

▪︎ဒုတိယအကြိမ်ထိုးစစ်
သို့သော်အထိနာသွားသောစစ်ကောင်စီတပ်သည် လူအင်အားလက်နက်အင်အားထပ်မံဖြည့်တင်း၍ သုံးရက်အကြာ စက်တင်ဘာ ၁၅ ရက်မှစ၍ ဒုတိယအကြိမ်ထိုးစစ်ပြန်ဆင်လာသည်။
“တင့်ကား နဲ့သံချပ်ကာ ယာဥ်ချည်းပဲ ခြောက်စီး လောက်ပါတယ်။ပြီးတော့ အခု မြို့တွင်းမှာ တပ်စွဲထားတဲ့ အင်အားကလည်း ၃၀၀ အောက်ထစ်ရှိတယ်” ဟု မိုးဗြဲ PDFမှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။
အလားတူ မိုးဗြဲမြို့ကို ထိန်းချုပ်ရေးအတွက် အတွဲ လိုက်ဒုံးစနစ်များအပြင် လွိုင်ကော်နှင့် မိုးဗြဲမြို့အခြေစိုက်တပ်များက လက်နက်ကြီး များ ပစ်ကူပေးရန် အရန်သင့်စောင့်ဆိုင်းနေသည့် အခြေအနေမျိုးဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက သုံးသပ်သည်။
ယခုတစ်ကြိမ်တွင် အကြမ်းဖက်စစ်တပ်သည်ပိုမိုယုတ်မာသောနည်းလမ်းများကိုလည်းသုံးလာသည်။ဒေသခံပြည်သူများကိုဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ် တန်ဆာခံပြုလုပ်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များကပြောသည်။
မိုးဗြဲမြို့၏ ညောင်ဝိုင်း ရပ်ကွက်နှင့် မြို့မရပ်ကွက်များ၌ စစ်ကောင်စီတပ်က တပ်စွဲထားသည်။
ထိုရပ်ကွက်များအတွင်းမှ ကလေးငယ်များအပါ အဝင် ဒေသခံပြည်သူ၁၀၀ ကျော်ကိုဖမ်းဆီး၍ လူသားတံတိုင်းလုပ်ခဲ့ရာအချို့ကိုပြန်လွှတ်သော်လည်း စက်တင်ဘာ ၂၂ ရက်အထိပြည်သူ ၅၀ ဦး ထက်မနည်း စစ် ကောင်စီက ဖမ်းဆီးခေါ်ဆောင်ထားဆဲဖြစ် သည်။
“ဓားစားခံအနေနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံတွေကလည်း တိုက်ပွဲအတွင်းပိတ်မိပြီးတဲ့နောက် စကစ က အထိုင်ချလိုက်တဲ့နေရာဖြစ်သွား တော့ ပိုဆိုးနေတာ။ကျွန်တော်တို့ ချိတ်ဆက်ရမိသ လောက်ဆို စကစတွေက သူတို့ရဲ့ဝေယျာဝေစ္စတွေကို ပြည်သူတွေကို လုပ်ခိုင်း နေတယ်”ဟု မိုးဗြဲ မြို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၅ ရက်မှစ၍ တိုက်ပွဲများမှာနေ့စဥ် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသော်လည်း အရေ အတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း မိုးဗြဲ PDF က ပြောသည်။
နေ့စဥ်ရက်ဆက် ပြင်းထန်သောတိုက်ပွဲများတွင်မိုးဗြဲPDFမှ ရဲဘော်နှစ်ဦးမှာစက်တင်ဘာ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသည်။
စက်တင်ဘာ ၂၂ ရက်တွင်လည်း ညနေ ၂ နာရီ ခန့်မှ ညနေ ၆ နာရီအထိတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။တိုက်ပွဲအတွင်းမဟာမိတ်တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး စစ်ကောင်စီတပ်အချင်းချင်းလက်နက်ကြီးဖြင့်မှားယွင်းပစ်ခတ်မှုလည်းဖြစ်ခဲ့သည်။
လက်ဖြောင့်သေနတ်သမားကြောင့်စစ်ကောင်စီတပ် ၃ ဦးထပြီးနောက် လွိုင်ကော်မြို့ အမြောက် တပ်မှ လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ရာ ၁၂၀ မမ ကျည်နှစ်လုံးသည် မိုးဗြဲ စက်တော်ရာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နေရာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာရှိကြောင်းမိုးဗြဲPDFက အတည်ပြုထုတ်ပြန်သည်။
စစ်ကောင်စီ၏ မိုးဗြဲ မြို့ ဒုတိယထိုးစစ်ကိုမိုးဗြဲ PDF ၊ဖယ်ခုံ PDF၊လွိုင်ကော် PDF၊အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF၊ကရင်နီတပ်မတော်-KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်-KNDF ၊KGZ နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

▪︎ဒေသခံအများစုထွက်ပြေးတိမ်းရှောင်
လက်ရှိ မိုးဗြဲဒေသခံအများစုမှာ ဖယ်ခုံ၊လွိုင်ကော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများသို့ စစ်ဘေး တိမ်ရှောင်နေရသည်။တိုက်ပွဲများအတွင်း စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၀ နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ဒေသခံငါးဦးမှာ သေဆုံးခဲ့ရ သည်။မိုးဗြဲမြို့၏ တောင်ဘက်နှင့် အနောက် ဘက်ခြမ်းရှိ နေအိမ် အလုံး ၁၀၀ ကျော်မှာလည်း ထိခိုက်ပျက်စီးထားသည်။
ရက်ဆက်လာသည့် တိုက်ပွဲတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအတွက် ခဲယမ်း၊ကျည်ဆန် အရင်းအမြစ်မှာ အဓိက လိုအပ်ချက်ဖြစ်လာသည်။
“တိုက်ပွဲက တစ်ပွဲထဲတိုက်လို့ နိုင်မယ့်အခြေ အနေမဟုတ်ဘူးလေ။တိုက်ပွဲဘယ်လောက်များမယ်ဆိုတာပဲ ရှိနေတာ” လက်ရှိ မိုးဗြဲစစ်မျက်နှာပြင်ရှိ ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ တော်လှန်ရေး ညီအကိုမောင်နှစ်မများအနေဖြင့်ဆက်လက်ထောက်ပံ့ပေးရန်လည်းအထက်ပါတော်လှန်ရေးရဲဘော်က မေတ္တာရပ်ခံသည်။
“လက်နက်ကိုင်လမ်းစဥ်ကိုစရွေးချယ်ကတည်းက အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့နေရာမှာ ဘယ်တုန်းကမှ မခိုခဲ့တဲ့ မြို့ လေးကို သတိရပေးကြပါ”ဟု မိုးဗြဲ PDF တပ်ဖွဲ့ တာဝန်ရှိသူက ဆော်သြလိုက်သည်။
