CNDF ရဲဘော် နှစ်ဦးကျဆုံးပြီး တစ်ဦးမှာရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်မှု၌ ကျဆုံးခဲ့ဟု ဖော်ပြ
ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) လက်အောက်ခံ ချင်းအမျိုးသားများ ကာကွယ် ရေးတပ်(CNDF) အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် နှင့် ဩဂုတ်လများအတွင်း စစ်ကောင်စီတပ်ကို (၁၆)ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၃၃ဦးခန့် သေဆုံးခဲ့သည်ဟု CNOက ယနေ့ ထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် CNDF ပါဝင်သည့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသများမှာ ဖလမ်းမြို့နယ် သူဖေးကျေးရွာ၊ ကလေးမြို့နယ် ဟားခါးလေးရွာ၊ ထောက်ကြန့်ရွာ၊ ဖလမ်းမြို့ မိုင်တိုင်(၁၀)(၁၃)၊ (၂၄) ၊ ကလေးမြို့နယ် သာယာကုန်းရွာ၊ ကလေးမြို့နယ် ရာဇဂြိုလ်ရွာ၊ ဖလမ်းမြို့နယ်ရိခေါ်ဒါမြို့၊ ကလေးမြို့နယ် ရန်ကြီးအောင်ရွာ စသည်တို့ ဖြစ်ပြီး တိုက်ပွဲအများစုတွင် CNDF အနေဖြင့် အခြားသောတော်လှန်ရေးတပ်များနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
