KNDFတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ
ဒီးမော့ဆိုမြို့ရှိ တပ်များကိုရိက္ခာ ဖြည့်တင်းရန်ကြိုးစားနေသည့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ကယနေ့(သြဂုတ် ၁၀ ရက်)တွင်ထုတ်ပြန်သည်။
သြဂုတ် ၁ ရက်ကစ၍ သြဂုတ် ၉ရက်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟုပါရှိသည်။

သို့သော် ပြည်သူများထောက်ပံ့ထားသည့် လက် နက်များကို ဝေဟင် မြေပြင်နှစ်ခုစလုံး ထိရောက်စွာအသုံးပြုနိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲများအတွင်း KNDF တပ်ရင်း ၉ မှ ရဲ ဘော်သုံးဦး(မစိုးရိမ်) ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် မှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေစဥ် ၌ (စကစ) ဖက်မှ ကျန်ရှိ့ခဲ့သော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟုအသိပေးထားသည်။

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အတွင်းစစ်ကောင်စီတပ်စွဲထား သည့် ကျေးရွာများအတွင်း ဒေသခံပြည်သူများပြန်လည်အခြေချနေထိုင်ခြင်းမပြုရန် အပါအဝင် ပြည်သူများလိုက်နာရန်အချက်လေးချက်ကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။


ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။
လက်ရှိတွင် ဒီးမော့ဆို မြို့နယ် ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေးဆူလဲ ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေကုပ်ယူထားသည်။
