နိုင်ငံခြားငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းရဲ့ဝ. ၃ ရာခိုင်နှုန်း ဘောင်ထဲက ရောင်းချရမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
စစ်ကောင်စီဟာ အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး ဘဏ်တွေ ၊ ငွေလဲကောင်တာတွေအနေနဲ့ ဒီသတ်မှတ်ထားနဲ့ ကွာဟမှု ဝ.၃ ရာခိုင်နှုန်း ဘောင်ထဲကပဲ ရောင်းချဖို့ညွှန်ကြားလိုက်တာပါ။
အရင်ကလည်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ ရောင်းဝယ် ရာမှာ သတ်မှတ်ထားတဲ့ ဈေးရဲ့ ဝ.၈၊ဝ. ၅ရာခိုင်နှုန်း ဘောင်အတွင်းကပဲ ရောင်းဝယ်ကြဖို့ညွှန်ကြားခဲ့ဖူးပါတယ်။
ဒီညွှန်ကြားချက်ကိုမလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့လည်းခြိမ်းခြောက်ထားပါတယ်။
ပြင်ပဈေးကွက်မှာတော့အမေရိကန် တစ်ဒေါ်လာကို ၂၆၀၀ ကျပ်နီးပါးထိပေါက်ဈေးရှိနေပါတယ်။
